ဝမ်းတွင်း၊ ဇူလှိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ပြည်သူ့ ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDT Test Kit ဖြင့်စစ်ဆေးပေးခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၉)ဦးတွေ့ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့သူများအနေဖြင့် ရွှေတောင်ကျေးရွာမှ အသက်(၃၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၄)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၂)နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦး၊ သဲတော(၁)ရပ်၊အသက်(၂၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ စိန်ပန်းပင် ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ သဲတော(၃)ရပ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ လေးမျက်နာ ကျေးရွာမှ အသက်(၆၇)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး၊ မင်းကန်ကျေးရွာမှအသက်(၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာ များအား မြို့နယ် ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ကုသဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိ ကြောင်းနှင့် ပိုးတွေ့လူနာများနှင့်ဆက်စပ်ထိတွေ့သူ များအား စုံစမ်း ဖော်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်−၁၉ ရောဂါပိုးကူစပ်ခံသူ(၃၄)ဦးရှိခဲ့ရာ (၃)ဦးမှာသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲပြီး လက်ရှိ အချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံးကြီးကိုဗစ်-၁၉ ကုသဆောင် တွင် တက်ရောက်၍ဆေးကုသမှုခံယူနေသူ(၃၁)ဦးရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)