မြို့သစ် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင ်မြို့သစ်မြို့နယ် သစ်တောသစ်ပင် စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုများ ကောင်းမွန်လာစေရန် ရည်ရွယ်၍ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကာ မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့သစ်မြို့နယ် အောင်ချမ်းသာကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းဝန်းတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် မြို့သစ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟအောင်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ စုစုပေါင်းအင်အား (၂ဝ၀) ဦးတို့က မာတာကွတ် (၃၀)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ကုက္ကို(၃၀)ပင်၊ ယင်းမာ(၃၀)ပင်၊ ဗန်ဒါ(၁၀)ပင်၊ ဇီးဖြူ(၃၀)ပင်၊ စိန်ပန်း (၁၅)ပင်၊ ကျွန်း(၁၀)ပင်၊ မယ်ဇလီ(၁၀)ပင်၊ နသနီ (၅) ပင်စုစုပေါင်း (၂၀၀) ပင်အား သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ယင်းမာ (၃၀၀၀) ပင်၊ ယူကလစ် (၇၀၀၀)ပင်၊ လျှော်ဖြူ (၅၀၀၀)ပင်၊ ရေတမာ (၃၀၀)ပင်၊ တမာ(၃၀၀) ပင်၊ မြန်မာကုက္ကိုလ် (၅၀၀)ပင်၊ ကုလား ကုက္ကိုလ် (၁၀၀၀)ပင်၊ စိန်ပန်းလေး (၄၀၀)၊ မာတာကွတ် (၁၅၀) ပင်၊ မယ်ဇယ် (၃၀၀)၊ ဗန်ဒါ (၂၅၀)ပင်နှင့် အခြားပျိုးပင်များ စုစုပေါင်း (၂၂၉၀၀) ပင်အား ပျိုးထောင်ထားလျက်ရှိပြီး စာသင်ကျောင်းများနှင့် သစ်ပင်ချစ်သူများနှင့် အတူပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)