သတင်းများ

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း
Jul 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုင်ငံတစ်ဝှမ်း ကူးစက်မှုမြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါ မိမိတို့မြို့နယ်အတွင်း ကူးစက်မှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန်ဝေပေးခဲ့ပါသည်။
စဉ့်ကိုင်မြို့နယ် ပင်းချားကျေးရွာတွင် အစိမ်းရောင်ကျေးလက်ဒေဖွံ့ဖြိုးရေး (Green Growth)အသိပညာပေး သင်တန်း ဖွင့်လှစ်
Jul 05,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth) အသိပညာပေးသင်တန်းကို ယနေ့နံနက် ( ၉)နာရီက ပင်းချားကျေးရွာ မေတ္တာရောင်ခြည် ဓမ္မာရုံတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်၊၊
နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ (၅)ဦးထိရှိလာ
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ယမန်နေ့အထိ (၅)ဦးရှိလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ဒလမြို့နယ်၌  ဒေသခံတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် လယ်မြေဧကပေါင်း ၄၆၇၄၂ စိုက်ပျိုးနိုင်ရန် လျာထားပြီး မိုးစပါးစိုက်ပျိုးကြသော ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ခေတ်မီနည်းပညာဖြစ်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းကို ယမန်နေ့ က ပျော်ဘွယ်ကြီးစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက mask တပ်ဆင်ရေး အသိ ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 05,2021
ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း  နှာခေါင်းစည်း (Mask) တပ်ဆင်ရေး   အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို    ယနေ့နံနက်(၇)နာရီက ခရမ်းမြို့ လူစည်ကားရာနေရာများ  ဖြစ်သော ကားဂိတ်များ၊ ဆိုက်ကားဂိတ်များနှင့်  ဈေးအဝင်/အထွက် အပေါက်နေရာများ ၊ မြို့အတွင်းသို့ ဝင်ရောက်သည့် လမ်းစုံများတွင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၂၆၂)ဦးရှိ
Jul 05,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇူလိုင် ၅ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့် စား‌သောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ထုတ်ပြန် 
Jul 05,2021
ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့်စား‌သောက်ဆိုင် များတွင် ဆိုင်ထိုင်စားသုံးခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇူလိုင်လ ၄ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။