ပုသိမ်ကြီး ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန် ချက်နှင့်အညီ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ သင်တန်းတွင် ထူးချွန်ဆု ရရှိသော ပထမမောင်လှိုင်ဘွားအောင် (ကံကြီးကျေးရွာ)၊ ဒုတိယ ဦးအောင်ရွှေ (ရွှေကျင်ကျေးရွာ)၊ တတိယ မောင်သီဟအောင် (နန်းဦးလွင်ကျေးရွာ) တို့အား တာဝန်ရှိသူများက ဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးထိုက် (နည်းပညာ)၊ မြို့နယ်ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို