သတင်းများ

ကြံခင်းမြို့နေပြည်သူများ ကိုဗစ်- ၁၉ရောဂါကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်းMask အခမဲ့ဖြန့်ဝေ
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ နေပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်း Mask များကို ယမန်နေ့နံနက် ပိုင်းက မြို့မဈေးထိပ်လူစည်ကားရာနေရာ များတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် (Talk Show) ကျင်းပ ပြုလုပ်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ သဘာဘေးအန္တရာယ် ဆိုင်ရာ (Talk Show) ကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ကော့သောင်းမြို့တွင် ပြည်ပမှ ဝင်ရောက်လာသည့် နေရပ်ပြန်  သင်္ဘောသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဇူလိုင်လ၄ရက်နေ့ Rapid Diagnostic Antigen Test Kid( RDT ) စစ်ဆေးချက်အရ ပြည်ပမှဝင်ရောက်လာပြီး ဟိုတယ်အသီးသီးတွင် အသွားအလာကန့်သတ်ထားသည့် သင်္ဘောသား၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှတဆင့် သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Hotel Quarantine ထားရှိရေး တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ
Jul 05,2021
မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့အဝင်၊ အထွက်များတွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ထားရှိရေးနှင့် ဟိုတယ် Quarantine များ ထားရှိရေး တည်းခိုခန်းလုပ်ငန်းရှင်များ နှင့်တွေ့ဆုံညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့ ကျောင်းကုန်းကျေးရွာအဝင် ကွန်ကရစ်တံတားတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်
Jul 05,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မတ်လဒုတိယအပတ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် အဆိုပါရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ပြီးမှုအနေဖြင့် (၁၀၀)ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
မြင်းခြံမြို့တွင် ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ (၂) ဦး ထပ်မံတွေ့ရှိ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ညနေ အချိန်က ကိုဗစ်(၁၉) ရောဂါ အတည်ပြု လူနာ (၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၉)ဦးထိရှိလာ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူ(၅၉)ဦးထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။