ပုလော ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဈေးများနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးများအတွင်း ရောင်းသူဝယ်သူအားလုံး နှာခေါင်းစည်တပ်ဆင်ရန်၊ လက်ဆေး ရန်နှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စနစ် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ် ဖြင့် ရောင်းချရန်တို့ကို အသိပညာပေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်