ထီးလင်း ဇူလိုင် ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ (ယာယီ) ပျံကျဈေးအတွင်း ယနေ့နံနက် ၆ နာရီခွဲတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်၍ ဝယ်ယူရောင်းချရေး၊ ဈေးအဝင်ပေါက်၌မိမိတို့၏ လက်များ စနစ်တကျ ဆေးကြော သန့်စင်ရေး၊ ဈေးရောင်းသူများအနေဖြင့် ဟင်းသီးဟင်းရွက်များနှင့် အသား,ငါးများ သန့်ရှင်း လတ်ဆတ်စွာ ရောင်းချရေး၊ (ယာယီ)ဈေးအတွင်း ဆိုင်ထိုင် စားသုံးခွင့် မပြုဘဲ(ပါဆယ်) စနစ်ဖြင့်သာ ဝယ်ယူရောင်းချရေး စသည်တို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်