တောင်ကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်
Jul 05,2021
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်အတွင်း ကွင်းဆင်း၍ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင် ဆောင်ခွင့်ရရှိစေရန် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး တောင်ကုတ်မြို့ ဂူတာရပ်ကွက် ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။