တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း

တန့်ယန်း  ဇူလိုင်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များမှတဆင့် ''ငွေရည်ပုလဲ'' ကုမ္ပဏီမှ အလှူငွေ(၅)သိန်းကျပ်အပါအဝင် PPE ဝတ်စုံ(၃၀) ထည်၊ Apron (၅၀၀)ထည်၊ Mask (၅၀၀၀)ခု၊ Face Shield (၃၀၀)ခု၊ ခေါင်းစွပ်(၅၀၀)ခု၊ လက်ဆေး ဆပ်ပြာ(၂၄)ဗူး၊ အောက်စီဂျင်တိုင်းစက်(၂)ခု၊ ဆေးဖျန်းပုံး(၂)လုံး၊ ပိုးသတ်ဆေးရည်(၂)ပုံးတို့ကို လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (တန့်ယန်း)မှ ပိုးသတ်ဆေး(၃)ပုံးနှင့် ဗူး(၃)ဗူး၊ ကာပိုလစ်ဆပ်ပြာ(၁၂)ဖာ၊ ပိုးသတ်ဆေးဗူးသေး(၈၀)ဗူး တို့ကိုလည်းကောင်း၊ ''တာဝါနိုင်း'' ဆောက်လုပ်ရေးနှင့် အထွေထွေအကျိုးဆောင်ကုမ္ပဏီမှ အပူချိန်တိုင်းကရိယာ (၂)လုံးတို့ကို ပေးအပ် လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ​ဒေါက်တာရီရီထွေးနှင့် ဒေါက်တာ စိုးသန်းထိုက်တို့က လက်ခံရယူကြကြောင်း သိရသည်။            

မင်းလွင်ဦး(ပြန်/ဆက်)