နောင်ချို ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ယမန်နေ့အထိ (၅)ဦးရှိလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
နောင်ချိုမြို့နယ်တွင် ၁-၆-၂၀၂၁ ရက်နေ့မှ ၄-၇-၂၀၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၃၀၂)ဦးထိရှိလာခဲ့ရာ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ် ဆေးရုံတွင် (၁၄)ဦး၊ နောင်ချိုမြို့ ပြည်သူ့ဆေးရုံနှင့် မြနန်းတော်ဝင်ခန်းမ၌ (၁၄၆)ဦး စုစုပေါင်း (၁၆၀)ဦး ကို ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကျန်းမာရေးစိစစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇွန်လ (၁) ရက်နေ့မှ ဇူလိုင်လ(၄) ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၃၇)ဦး၊ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း (၅)ဦး၊ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ဆေးရုံတက် ကုသနေသူ (၁၆၀)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)