ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့် စား‌သောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ထုတ်ပြန် 

ရေစကြို ဇူလိုင် ၅ 

ရေစကြိုမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့်စား‌သောက်ဆိုင် များတွင် ဆိုင်ထိုင်စားသုံးခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇူလိုင်လ ၄ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

ရေစကြိုမြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လ္ဘက်ရည် ဆိုင်၊ ခေါက်ဆွဲဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အအေးဆိုင်နှင့် အသုပ်ဆိုင်ရှင်များ သိရှိလိုက်နာရန် ဆောင်ရွက်နိုင်ပါရန် ကြေညာချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။ 

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်နှုန်း မြန်ဆန်ပြီး၊ ကူးစက်မှုများ ပြားလာ၍ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အအေးဆိုင်နှင့် အသုပ်ဆိုင်များအနေဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ဆိုင်ထိုင်စားသုံးခြင်းမပြုစေဘဲ Take-Away (ပါဆယ်) စနစ်ဖြင့် ပြန်လည်ရောင်းချပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း အသိပေးကြေညာထားကြောင်း သိရှိရသည်။

 

ဝေဇင်မို့(ရေစကြို)