ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၂၆၂)ဦးရှိ

ရိခေါ်ဒါရ် ဇူလိုင် ၅
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇူလိုင် ၅ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက် နေပြည်သူ (၃၃)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ၎င်းတို့အနက် (၇)ဦးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆိုပါရောဂါပိုးတွေ့ရှိသူ(၇)ဦးတို့အား ၎င်းတို့၏ နေအိမ် အသီးသီး၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံ ယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရသည်။
 
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှုခံယူသူ (၁၆၂၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၂၆၂)ဦးတွေ့ရှိ၍ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာ၍ အသွားအလာကန့်သတ်ခြင်း ဖြေလျှော့/ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၈၁)ဦး၊ ရောဂါဖြင့်သေဆုံးသူ(၂)ဦးရှိရာ၊ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသူ (၇၉)ဦးရှိကြောင်း သိရသည်။
ပက်ကာ(ရိရေကန်)