သတင်းများ

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀) ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ က ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂၀) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေးစစ်ဆေးဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ် သည့်အနေဖြင့် အပြင်ထွက် သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့် နေရာများတွင် သတ်မှတ်ရက်အတိုင်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ပလောက်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလောက်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ပလောက်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက် ၉ နာရီအချိန်က  လိုက်လံအသိပညာပေးခြင်းဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်၌ ဇူလိုင် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၂၀ ဦးထပ်မံတွေ့ရှိသဖြင့် အတည်ပြုလူနာစုစုပေါင်း (၁၇၄)ဦးအထိရှိလာပြီး (၂)ဦးသေဆုံး
Jul 05,2021
ပြည်မြို့နယ်၌ ဇူလိုင် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၂၀ ဦး ထပ်မံတွေ့ရှိသဖြင့် မြို့နယ်အတွင်း ဇူလိုင် ၄ ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၁၇၄) ဦး အထိရှိလာပြီး (၂) ဦးသေဆုံးမှု ဖြစ်‌ပေါ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ဟင်္သာတမြို့အမှတ် (၁၅) စက်မူလယ်ယာစခန်းတွင် ကောက်စိုက်စက် မောင်းနှင် ထိန်းသိမ်းမူ (အခြေခံ)သင်တန်း ဖွင့်လှစ်
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အမှတ် ၁၅ စက်မူ လယ်ယာ စခန်းတွင် ကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းမူ (အခြေခံ) သင်တန်းကို ယနေ့ နေ့လယ် ၁၁နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ပေါင်းတည်မြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ပေါင်းတည်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချရေး အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယမန်နေ့ ညနေ ၃ နာရီ အချိန် က မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေး လျက်ရှိသည်။