တနင်္သာရီမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ပြန်လည် ရောင်းချ
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသော ရောဂါကူးစက် ဝင်ရောက်ပျံ့နှံ့မှုမှ ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ယခင်က ဆိုင်ထိုင်စနစ်ဖြင့် နေ့စဉ် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်များအား ယနေ့ နံနက်ပိုင်းမှ၍ ပါဆယ် စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။