စဉ့်ကိုင် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth) အသိပညာပေးသင်တန်းကို ယနေ့နံနက် ( ၉)နာရီက ပင်းချားကျေးရွာ မေတ္တာရောင်ခြည် ဓမ္မာရုံတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်၊၊
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) အသိပညာပေးသင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာခင်သန္တာထူးက ကောင်းမွန်သော တိရစ္ဆာမွေးမြူရေးနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ကြိုတင်ကာကွယ်ရမည် နည်းလမ်းများကိုလည်းကောင်းစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါစိုးစိုးက တောင်သူများ မြေဆီလွှာတိုက်စာ�