သတင်းများ

လှိုင်းဘွဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 08,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ယမန်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (CommunityCentre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက် အသိပညာပေး (Talk Show) အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Jul 08,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး သေဆုံး
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အမျိုးသား ၁ ဦးနှင့် ဝမ်ပိန်းကျေးရွာအုပ်စု ၊ ပန်လင်းဆိုင် ကျေးရွာနေ အမျိုးသမီး ၁ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂ ဦးသည် ယမန်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး‌ ကော်မတီ မှ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြည်သူများ ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ တပ်ဆင်သွားလာစေရန် ကိုဗစ် ကော်မတီမှ လှည့်လည် စစ်ဆေး
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်၌ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေကြသည့် ပြည်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ တပ်ဆင် သွားလာမှု ရှိ/မရှိ ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များက ယနေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့ လိုက်လံလှည့်လည်စစ်ဆေးခဲ့သည်။
ရွာငံမြို့ ဈေးသည်နှင့်ဈေးဝယ်များအားကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန်အသိပေးနှိုးဆော်
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွာငံမြို့ မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတို့က ဈေးဝယ်နှင့်ဈေးသည်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။