လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

လွိုင်လင် ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး‌ ကော်မတီ မှ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

လွိုင်လင်မြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုလည်းကောင်းဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသောမြို့ဖြစ်ရာ ခရီးသွားပြည်သူများ၊ကုန်စည်ပို့ဆောင် သည့်မော်တော်ယာဉ်များသွားလာလျက်ရှိသည်။ ယင်းကဲ့သို့ခရီးသွားကြသည့်ပြည်သူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုယ်အပူချိန်တိုင်းတာခြင်း ၊နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်စေခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်များရယူခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)