ငပုတော ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်၌ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေကြသည့် ပြည်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ တပ်ဆင် သွားလာမှု ရှိ/မရှိ ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့ လိုက်လံလှည့်လည် စစ်ဆေးခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ဈေး၊ စက်လှေဆိပ်၊ သင်္ဘောဆိပ်များသို့ လှည့်လည် စစ်ဆေးခဲ့ပြီး နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာ နေကြသည့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် ကြေငြာချက်နှင့် လမ်းညွှန်မှာကြားချက်များအား တိကျစွာလိုက်နာရန်နှင့် ပြင်ပသို့ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း (mask) မတပ်ဆင်ထားခြင်း၊ တပ်ဆင် ထားသော်လည်း မေးစေ့တွင်ချိတ်ဆွဲ ခြင်းများတွေ့ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (mask)၃ခုပေး၍ ဒဏ်ကြေးငွေအဖြစ် ၃၀၀၀ ကျပ် ပြန်လည် ပေးဆောင်ရမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အသံချဲ့စက်ဖြင့် ကြေငြာခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်