မိုင်းငေါ့ မြို့ စိုက်ပျိုးရေးဦးစီးဌာန မှ ၂၀၂၀ -၂၀၂၁ မိုးစပါး (လယ်) မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု စိုက်ပျိုးရန်အတွက် ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ ဇူလိုင် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ မိုးစပါး(လယ်) မျိုးစေ့ချ ကိရိယာ (Drum Seeder) အသုံးပြု စိုက်ပျိုးရန် အတွက် ယမန်နေ့ နံနက်၁၀ နာရီခွဲခန့်က မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးဇေယျာမျိုးမှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစပါး(လယ်)မျိုးစေ့ချ ကိရိယာ (Drum Seeder) အသုံးပြု၍ စိုက်ပျိုးရန်အတွက် “ စပါးမျိုး မှန် အပင်သန် ဆားရေစိမ် ၍စိုက်ပျိုးရန်” ဟူသော ဆောင်ပုဒ်နှင့်အညီ အပင်ပေါက်စုံ၍ အပင်ညီညာ သော မျိုးစေ့ဆောင်ရောဂါနှင့် ပိုးမွှားကိုသန့်စင်ပြီး ကျန်းမာသန်စွမ်းသော ပျိုးပင်များရရှိရန် ရည်ရွယ်၍ မျိုးစေ့ဆားရေစိမ်ခြင်း လုပ်ငန်းကို မိုင်းငေါ့မြို့ ကွန်ကောက် ကျေးရွာအုပ်စု၊ ကွန်ကောက်ကျေးရွာရှိတောင်သူ ဦးဘဌေး၏ ကွင်း(၃)၊ ဦးပိုင် (၁၉) လယ်မြေ( ၆) ဧကစာ အတွက် လက်တွေ့ဆောင်ရွက်မှုများကို ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ ရွာမကျေးရွာနှင့် တာလုံရပ်ကွက်ရှိ ပျိုးခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

မြင့်သွယ်