သတင်းများ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးအား ယာယီပိတ်ထား
Jul 08,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမြင့်မားလာခြင်းကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် မြဝတီမြို့၌ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား Quarantine Centre များ၌ စောင့်ရှောက်ပေး
Jul 08,2021
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါ တစ်ခုအဖြစ်လျင်မြန်စွာ ကူးစက် ပျံ့ပွားလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယနေ့အထိ Positive လူနာ ကျား/မ စုစုပေါင်း (၅၄၃)ဦးအနက် (၄၀၆)ဦးတို့ ရောဂါ ကင်းရှင်းကြောင်း စမ်းသပ်တွေ့ရှိရပြီး ကျန်ရှိသည့် ပိုးတွေ့လူနာ ကျား/မ ပေါင်း (၁၃၇)ဦးတို့အား သက်ဆိုင်ရာ Quarantine Centre အသီးသီးတွင် ထားရှိ၍ စောင့်ရှောက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Jul 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လူစည် ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
တာချီလိတ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများထားရှိရန် အဆောင်များ ကြိုတင်ပြင်ဆင်ထားရှိ
Jul 08,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ဆေးဝါးကုသမှု အဆင်ပြေစေရန်အတွက် တပ်မတော်သားများမှ ကုသဆောင်များ ကြိုတင်ပြင်ဆင်မှုကို ယမန်နေ့က ခရိုင်အားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က မြို့နယ်အတွင်းသို့ လိုက်လံကြေညာ ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 08,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၈ရက် နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။