သရက်မြို့မဈေးအား ဇူလိုင် ၉ ရက်နေ့မှ စတင်၍ ရက်သတ္တတစ်ပတ် ပိတ်ထားမည်ဖြစ်
Jul 08,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက စည်ပင်သာယာမြို့မဈေးအား ဇူလိုင်လ ၉ ရက်နေ့ မှစတင်၍ ရက်သတ္တတစ်ပတ် ပိတ်ထားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။