သတင်းများ

ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေး နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 08,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ပြည်ခရိုင်‌၊ ပေါင်းတည်မြို့နယ်အတွင်း လူစည်းကားရာ နေရာ များဖြစ်သော ဘုရားကြီးလမ်းတွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် Quarantine Centre များ တိုးချဲ့ဆောင်ရွက်
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ရန်ကုန်-ပြည်လမ်းရွှေလင်းခန်မတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး၍ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်ရမည့်သူများကို ထားရှိကုသရန် Quarantine Centre များ ထပ်မံစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်း​တောင်းမြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များ နှင့် အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် ရွှေဘုံသာ၊ ဆင်တဲတွင် စားသောက်ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ် လ.ဝ.က ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်း လှည့်လည် စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး
Jul 08,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
Jul 08,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club )အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ သိ​ကောင်းစရာအသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jul 08,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ​​ချောက်မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဦးစောမြ​ဖောင်း ကသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ သိ​ကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀ နာရီက ​ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျွန်းလှမြိုနယ်တွင်း မိုးစပါးမျိုးစေ့ ထုတ်စံပြကွက် ဧက ၁၅၀ စိုက်ပျိုးမည်
Jul 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်စံပြကွက်ဧက ၁၅၀ စိုက်ပျိုး မည်ဖြစ်ကြေင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။