ကြံခင်းမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်

ကြံခင်း ဇူလိုင်၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  (CommunityCentre) ခန်းမတွင် ယမန်နေ့  နံနက်ပိုင်းက  ပန်းခင်းစီမံချက်  အသိပညာပေး (Talk  Show) အစီအစဉ်ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင် က မိတ်ဆက်စကားပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ  မြန်မာနိုင်ငံသားများ ဖြစ်သော တိုင်းရင်းသားများဥပဒေအရ နိုင်ငံသား ဥပဒေနှင့်အညီ  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းခင်းစီမံချက်ကို ဆောင်ရွက်တာဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းကို (၃-၅-၂၀၂၁)မှ (၃-၇-၂၀၂၂)ထိ ကိုင်ဆောင်သင့်သော  ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရာတွင်. နေထိုင်မှုပုံစံအမျိုးအစားအလိုက် ထုတ်ပေးမှု. လုပ်ထုံးလုပ်နည်းများအား လည်းကောင်း၊ ကြံခင်းမြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)စု၊ ကျေးရွာပေါင်း (၂၅၁)ရွာ၊ အိမ်ထောင်စုပေါင်း (၂၇၀၈၃)စု၊ လူဦးရေ (၁၀၃၀၅၁)ဦးရှိရာ၊  ပထမ (၃)လတာကာလအတွင်း  ရပ်ကွက်/ကျေးရွာ အုပ်အုပ်စု   (၁၃)အုပ်စုအား ရုံးသို့ခေါ်ယူဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ဒုတိယနှင့်တတိယ ဦးစားပေးကျေးရွာများအား ဝန်ထမ်းများမှ အဖွဲ့များခွဲပြီး ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့်  ကြံခင်းမြို့နယ်တွင် စီမံချက်ကာလအတွင်း အိမ်ထောင်စု (၁၁၅)စု၊  အသက်(၁၀)နှစ်ပြည့် (၉၃)ဦး၊  အသက်(၁၈)နှစ်ပြည့် (၇၈)ဦး  အသက်(၁၀)နှစ်မှ အသက်(၁၈)ပြည့် လဲလှယ်(၁၁၃)ဦး၊  မိထ္ထူ(၂၁၄)  စုစုပေါင်း (၅၀၈)ဦး ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများထံ အသိပေး ဆက်သွယ် ဆောင်ရွက်ကြပါရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)