သတင်းများ

ကိုဗစ်-၁၉ ​​ ရောဂါပျံ့နှံ့မှုမရှိ စေ​ ရေးလူစည်ကားရာ နေရာများ၌ Mask Campaign ဆောင်ရွက်
Jul 08,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျန်‌အေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်မောင်ဇံနှင့်ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက်(၈)နာရီခွဲအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန့်မရှေ့‌၌​​ ပြည်သူများ၊ဈေးရောင်း/ဈေးဝယ်လာသူများအား Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့က မြို့တွင်း၌ Covid-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင်း၌ နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့များက Covid-19 ရောဂါကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့အထက်ရပ်ကွက်တွင် လမ်းအခင်းပြုပြင်ခြင်း ဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အထက်ရပ်ကွက်အတွင်းရှိ ကွန်ကရစ်လမ်း အခင်းပျက်စီးနေသော ပင်လုံလမ်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က ဦးဆောင်၍ ပြည်သူများမှ ကိုယ်ထူကိုယ်ထပြုပြင်ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် မျိုးပြောင်းလဲ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါး စိုက်ပျိုး
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွအုပ်စု၊ ကျွန်းကုန်းကျေးရွာ အနီးရှိ တောင်သူဦးစံအေး၏ ကွင်းအမှတ်(၇၀)တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာပြုလုပ်
Jul 08,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ရွာစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ထာင်စုလွှတ်တော် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုးချဲ့ ကျောင်းဆောင်သစ် ဆောင်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်
Jul 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရေးအတွက် ယာယီဆေးရုံများ အဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေနံနက်ကမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းအား ယာယီပိတ်ထား
Jul 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ယမန်နေ့မှစတင်၍ ယာယီပိတ်ထားကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်
Jul 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရန်အတွက်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်းနှင့် Mask Campaign ကို ယနေ့ နံနက်(၈)နာရီက (၈)ရပ်ကွက်၊ အမှတ်(၂)စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။