ရွာငံမြို့ ဈေးသည်နှင့်ဈေးဝယ်များအားကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန်အသိပေးနှိုးဆော်

ရွာငံ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွာငံမြို့ မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတို့က ဈေးဝယ်နှင့်ဈေးသည်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာ ခေါင်းစည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်နည်းလမ်းများအတိုင်း မဖြစ်မနေစနစ်တကျ တပ်ဆင်ရန်၊ ဈေးသည်များကိုလည်း သတ်မှတ်နေရာများ၌သာ ရောင်းချကြရန်နှင့် အခြားမြို့နယ်မှဈေးသည်များ လာရောက်၍ ဈေးရောင်းချခြင်းများကိုလည်း ခွင့်မပြုကြောင်းကို လက်ကိုင်စပီကာများဖြင့်ကြေညာ၍ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးသန့်