ကျိန္တလီ ဇူလိုင် ၁၇
သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဘဝင်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး၊ သိုင်းကျွန်းကျေးရွာမှ အသက်(၄၆)နှစ်အမျိုးသားတစ်ဦး၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်မှ အသက် (၆၀)နှစ် အမျိုးသမီးတစ်ဦးနှင့် အသက်(၂၃)နှစ်အမျိုးသမီးတစ်ဦး စုစုပေါင်း(၄)ဦးတို့သည် သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ မွန်းတည့်ချိန်က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၄)ဦးမှာ ဘဝင်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး (ခရီးသွားရာဇဝင်မရှိ)နှာစေး၊ ချောင်းဆိုး၊ အနံ့ပျောက်၊ သိုင်းကျွန်းကျေးရွာမှ အသက်(၄၆)နှစ် အမျိုးသားတစ်ဦး(ခရီးသွားရာဇဝင်မရှိ) နှာစေး၊ အဖျားတက်၊ အနံ့ပျောက်ဝေဒနာ ခံစားနေရပြီး ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်မှ အသက် (၆၀)နှစ် အမျိုးသမီးတစ်ဦး (ခရီးသွားရာဇဝင်မရှိ) အဖျားတက်၊ ချောင်းဆိုးနှင့် အသက်(၂၃)နှစ်အမျိုးသမီးတစ်ဦး (ခရီးသွားရာဇဝင်မရှိ) နှာစေး၊ ချောင်းဆိုး၊ အနံ့ပျောက် ဝေဒနာခံစားနေရသူဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျိန္တလီမြို့ပြည်သူ့ဆေးရုံ သို့လာရောက်၍ RDT Test Kit စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၄)ဦးတို့အား ဆေးကုသမှုခံယူရန် ဂွမြို့ နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း ကျိန္တလီမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျိန္တလီ(ပြန်/ဆက်)