မိုင်းရယ်မြို့နယ် ရှန်တော်သကြားစက်ရုံမှ အလုပ်သမား ၁၄ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ

မိုင်းရယ် ဇူလိုင် ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ခိုဆိုင်းကျေးရွာအုပ်စု ရှန်တော်ကျေးရွာရှိ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်မှ  အလုပ်သမား ၁၄ ဦးတို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါသကြားစက်မှ  အလုပ်သမား ၃၃ ဦးတို့တွင် သံသယလက္ခဏာများတွေ့ရှိသဖြင့် မိုင်းရယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးမှ  RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ အလုပ်သမား ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရပါသည်။ ယင်းသကြားစက်ရုံတွင် ဇူလိုင်လ ၁၆ ရက်နေ့ထိ ကိုဗစ်ရောဂါပိုးတွေ့ရှိလူနာ၂၃ ဦးရှိပြီဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထပ်မံ တွေ့ရှိသည့် ပိုးတွေ့လူနာ ၁၄ ဦးအား မိုင်းရယ်ပြည်သူ့ဆေးရုံတွင်ထားရှိရန် နေရာလုံလောက်မှု မရှိတော့ပါ၍ မိုင်းရယ်မြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဆေးပေးခန်းတွင် ထားရှိ ကြောင်း သိရသည်။

ကျော်ဇင်ထိုက်