သရက်မြို့တွင် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်း

သရက်   ဇူလိုင်    ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းမှ ခရိုင်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လာရောက်လှူဒါန်းသည့် အလှူရှင်များ ကျေးဇူးတင်ရှိကြောင်း ပြောကြားပေးခဲ့ပြီး ရွှေနီအောင်သိန်းဖောင်ဒေးရှင်း ပင်မအလှူရှင် မိသားစုဝင် ကိုနိုင်ဦးဆွေ၏  မွေးနေ့အထိမ်းအမှတ် ကိုဗစ်-၁၉ ကုသရေးအတွက် ငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များက လက်ခံပေးခဲ့သည်။

ခရိုင်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့အလှူရှင်(၁၅)ဦးမှ လာရောက် လှူဒါန်းရာ အလှူငွေ စုစုပေါင်း(၄,၉၆၈,၀၀၀)ကျပ်/ လေးဆယ့်ကိုးသိန်း ခြောက်သောင်း ရှစ်ထောင်ကျပ် ရရှိခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)