မလှိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်အတည်ပြု လူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။
ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရသူ(၁၇)ဦးမှာ အသွားအလာကန့်သတ်ထားသည့် ခေါင်းဆေး ကန်ကျေးရွာမှဖြစ်သည်။ အဆိုပါ ကျေးရွာသို့ ဖြူးမြို့နယ်၊ ကညွတ်ကွင်းကျေးရွာမှ အမျိုးသားတစ်ဦး(၂) ညအိပ်ရောက်ရှိခဲ့ပြီး ကညွတ်ကွင်းကျေးရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ပိုးတွေ့ သူသည် ခေါင်းဆေးကန်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာတွင်းအနှံ့ လည်ပတ်ခြင်းရှိခဲ့သဖြင့် ကျေးရွာအတွင်း အနံ့မရ ရှိသူ(၁၇)ဦး တို့အား (RDT Test Kit) ဖြင့်စစ် ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့သူများမှာလည်း ထိစပ်သူများခြင်း ကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ခေါင်းဆေးကန်ကျေးရွာကို ဇူလိုင်လ(၈)ရက်နေ့ ညနေ(၄)နာရီအချိန်မှ စတင်၍ အသွားအလာကန့်သတ်နေမြေအဖြစ်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အဆိုပါခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူတို့အား ကျေးရွာတွင် Facility Quarantine ဆက်လက်နေထိုင်စဉ် စားသုံးရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဌေးသန်းနှင့် တာဝန်ရှိသူများကကြက်ဉ(၁၇ဝ)လုံး ၊ ခေါက် ဆွဲခြောက်(၃)ဖာ၊ အခု(၅၀) ပါ Mask (၃)ဘူးနှင့် Hand Sanitizer (၃) ဘူးတို့အားထောက်ပံ့ပေးအပ်ခဲ့သည်။
မလှိုင်မြို့နယ်တွင် ၂ဝ၂၁ ခုနှစ် ဇူလိုင်(၁၇) ရက်နံနက်ပိုးအထိ(RDT Test Kit)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၉၂)ဦး၊ ဆေးရုံတက်ရောက်သူ(၅၄) ဦး၊ဆေးရုံဆင်းခွင့်ရသူ(၃၇)ဦး၊ သေဆုံးသူ(၁) ဦးရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)