သတင်းများ

ကျောက်တလုံးကြီးမြို့၌ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့်သဘာဝမြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်တောင်ကြီးမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ၊ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် သဘာဝမြေဩဇာများအား တောင်သူများ တစ်ပိုင် တစ်နိုင် စိုက်ပျိုးနိုင်ရန်နှင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျောက်တလုံးကြီး မြို့ စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင်ယနေ့နံနက်၁၀နာရီခွဲခန့်က ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်လျင်၌ အရှည်ပေ ၂၆၀၀ ကျော် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Jan 23,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြန်မာ့ရေနံရပ်ကွက်၌ အရှည် ၂၆၂၄ ပေရှိ ကွန်ကရစ်လမ်းသစ်အား ယမန်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ပြည်သူများသွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဖယ်ခုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ ကွင်းဆင်းဆောင်ရွက်
Jan 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ မြို့ကုန်းရပ်ကွက်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဖယ်ခုံမြို့မှ ယနေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူညီဖြင့် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jan 23,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများဆောင်ရွက်မှုကို ယမန်နေ့က ပဲခူးတိုင်း လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုဇံ (နည်းပညာ) နှင့်အတူ၊ တိုင်းဝယ်ယူရေးတာဝန်ခံ ဒေါ်လှဖုန်းခိုင်(ဒု-ဦးစီး)၊ တိုင်းအင်/ယာ ဒေါ်ဆွေသန္တာညွန့် (နည်းပညာအကြံပေး)နှင့် သဲကုန်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ပြီး သဲကုန်းမြို့နယ်၊ ဆင်ကျုံးအုပ်စု၊ ဆင်ကျုံးကျေးရွာနှင့် ဇောင်းပလေးကုန်းကျေးရွာတို့၏ တတိယနှစ်ဝန်း ကျေးရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်မှုကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှု လူမှုအထောက်အကူအပြုအသင်း (၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Jan 23,2021
နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ သိမ်တော်ကျောင်းဝန်းအတွင်း၌ သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှု လူမှုအထောက်အကူပြုအသင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ်၊ (၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် CERP အစီအစဉ်အရ ပေးအပ်ထားသော ငါးသားပေါက်များ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Jan 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက CERP Action Plan အရ ငါးမွေးတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ငါးမြစ်ချင်း သားပေါက်များ ပေးအပ်ထားသော မရမ်းဝကျေးရွာရှိ ငါးမွေးကန်များတွင် ငါးများအောင်မြင် ဖြစ်ထွန်းမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 23,2021
မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှေ့၌ကျင်းပရာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် မင်းတပ်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထားဝယ်မြို့၊ အမြှားကျေးရွာအုပ်စုရှိကျေးရွာများတွင် ဆန်ရိက္ခာ (၁)လစာထောက်ပံ့ပေးအပ်
Jan 23,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့နယ်တွင်ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ၊မေတ္တာမြို့ အမြှားကျေးရွာအုပ်စုရှိအင်းတပုံကျေးရွာ၊မင်းငို့ကျေးရွာ၊ထောမင်းဖြိုးကျေးရွာနှင့် ထောမကျေးရွာ များသို့ဇန်နဝါရီ ၂၂ ရက်နေ့နံနက်ပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းရင်းသား ရေးရာဝန်ကြီးဦးစောလုကာနှင့်တာဝန်ရှိသူများက ဆန်ရိက္ခာများ (၁)လစာ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။