ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘားအံ   ဇူလိုင်    ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အဆင့်မြင့် စံပြဈေး၊ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က(၄)ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင်တံတား အနီး၊ မဲဘောင်ဈေးစသည့်နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ဘားအံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့များက ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိသည့် ခရီးသွား ပြည်သူများအား ပထမအကြိမ် ၅၀၀/-ကျပ် ဒဏ်ငွေဆောင်စေ၍ (Mask) (၂)ခုအခမဲ့ဖြန့်ဝေ၍ တပ်ဆင်စေခြင်း၊ ဒုတိယအကြိမ်ထပ်မံတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဘားအံမြို့နယ်တွင် (၁၆-၇-၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၂၉၂) ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင် ပြန်/ဆက်