ကျောက်ကြီးမြို့နယ်ရှိ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ပိုးတွေ့လူနာများအား ကိုယ်ကာယ အသက်ရှုလေ့ကျင့်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်ပေး

ကျောက်ကြီး ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရှိကသစ်ဝိုင်းဓမ္မရိပ်သာ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာများအား ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အသက်ရှုလေ့ကျင့်ခန်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုအား မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီစီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကာယနည်းပြ ဆရာမတို့မှ ကသစ်ဝိုင် ဓမ္မရိပ်သာ အရန်ကုသရေးစင်တာ၌ ဆေးကုသမှုခံယူနေသောလူနာ (၈၆) ဦးအား (၂၀) ဦးစီ (၄) စုခွဲ၍ သွေးလေထိုင်းမှိုင်မှုများ မဖြစ်ပေါ်စေရန်၊ ကို​ဗစ်-၁၉ ရောဂါ အတွက် အထောက်အကူ ဖြစ်စေရန် အသက်ရှုလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားများကို စုပေါင်းလေ့ကျင့် ပြသပေးခဲ့ကြောင်း သိရသည်။