ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကျိုက်ဒုံ ဇူလိုင် ၁၇

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင် စတင်ဖြစ်ပွားလျက်ရှိသည့်အပြင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲ အတည်ပြုချက်များအရ သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရေးအတွက် မြို့အဝင်၊ အထွက် သွားလာသူများအား အပြင်ထွက်လျှင် ပါးစပ် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ၊ မရှိ နှင့် နေအိမ်ပြင်ပ ထွက်ခွာခွင့် လက်မှတ်ပါရှိခြင်း ရှိ၊ မရှိ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများတွင် စစ်ဆေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။