ရွှေသောင်ယံ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ ရွှေသောင်ယံမြို့၊ အ.မ.က (၁၁၂) ခရင်ချောင်းကျောင်းတွင် ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ KG တန်းမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးနိုင်ရေးနှင့် အာဟာရပြည့်ဝသော စားသောက်မှုအလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အာဟာရ ကျွေးမွေးခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် တာဝန်ရှိသူများက KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝသော အစားအစာများကို ကျွေးမွေးခဲ့ပြီး ကလေးငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံဖြိုးမှုအတွက် အာဟာရ၏အရေးပါမှုကိုလည်း အသိပညာပေးပြောကြားခဲ့သည်။
ထိုကဲ့သို့ အာဟာရကျွေးမွေးခြင်းကြောင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းဖွံဖြိုးလာစေရန်၊ ကျောင်းတက်ရောက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်