ဓနုဖြူ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသအတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်၍ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၉ နာရီအချိန်က အကျော်ကျေးရွာရှိ အကျော်ချောင်းသဘာဝရေပြင်၌ ကျင်းပ သည်။
အခမ်းအနားသို့ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အင်းသားကြီးများနှင့် ရေလုပ်သားကြီးများတက်ရောက်ပြီး ထိုင်ဝမ်ငါးခုံးမ ကောင်ရေ ၂၅၀၀၀၀၊ ငါးမြစ်ချင်း ကောင်ရေ ၂၀၀၀၀၀၊ ရွှေဝါငါးကြင်း ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၀၀၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)