စစ်ကိုင်း ဇူလိုင် ၂၄
စစ်ကိုင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အ.လ.က(ခွဲ)လေ့ကျင့်ရေး၊ အ.လ.က(ခွဲ)ထူပါရုံ၊ အ.ထ.က(ခွဲ)ရန်နိုင်ကျောင်းများတွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အ.လ.က(ခွဲ) လေ့ကျင့်ရေး၊ အ.လ.က (ခွဲ)ထူပါရုံ၊ အ.ထ.က(ခွဲ)ရန်နိုင်ကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား ပဲနီထမင်း၊ ကြက်ဥပြုတ်၊ အာဟာရဘီစကစ်မုန့်၊ ငှက်ပျောသီးများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)