ဥတ္တရသီရိမြို့နယ်၌ ငလျင်ဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ဥတ္တရသီရိ ဇူလိုင် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Nay Pyi Taw International School of Acumen (Main Campus)နှင့် KG ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းတွင် ငလျင်ဘေးအန္တရာယ်နှင့်မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၂၀ ဦးတို့က အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းနှင့် (Evacuation drill) အရေးပေါ် အခြေအနေတွင်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သွားရောက်သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)