မင်းတုန်း ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မင်းရွာကိုင်းကျေးရွာအုပ်စု တောင်သူ ဦးမြင့်သိန်း ကွင်းအမှတ် (၃၂၇)၊ ဦးပိုင်အမှတ် (၂၄၅) ၏ လယ်မြေ ၁.၂၆ ဧကတွင် ယနေ့နံနက် ၈ နာရီက လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းပြပွဲ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ တံတားအုပ်စု၊ မင်းရွာကိုင်းအုပ်စုနှင့် ဘူးတောင်းကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရန် လိုအပ်သောပျိုးပင်များ စနစ်တကျ ပျိုးထောင်နည်း၊ ပျိုးခင်းပြုစုစောင့်ရှောက်နည်းနှင့် ထွန်ယက်ပုံ လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)