သတင်းများ

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိလိုက်လံစစ်ဆေး
Jan 23,2021
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်သည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကျင်းပ
Jan 23,2021
ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရဲဒိကျေးရွာ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။
ကသာမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ သွားရောက် ထောက်ပံ့ပေးအပ်
Jan 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ဇန်နဝါရီလ(၂၂)ရက်နေ့က လူမှုရေးပင်စင်များကို ၎င်းတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒန့်သလွန်သီးဈေးကောင်းရသဖြင့် ဒန့်သလွန်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်
Jan 23,2021
ဒန့်သလွန်ပင်သည် ရေဝပ်သောမြေနေရာများကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ကုန်းမြေများ တွင် အလွယ်တကူစိုက်ပျိုးနိုင်ပြီး ရှင်သန်ကြီးထွားမှုရှိကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒန့်သလွန်သီး တစ်တောင့်လျင် နှစ်ရာကျပ် ရရှိပြီးဈေးကောင်းသဖြင့် မိမိအိမ်ခြံဝန်းအတွင်းမှာပင် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းသိရသည်။
မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Jan 23,2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် မီးခိုးမြူငွေ့ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ယမန်နေ့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကွင်းဆင်း၍ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုတလက်တန်းကျေးရွာအုပ်စု၊ ဘုတလက်တန်း ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် အခြေခံဒီဇယ် အင်ဂျင်စက်ပြင်သင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ် ၂ နာရီ ၃၀ အချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (နောက်တိုး) ၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းစီ ထောက်ပံ့
Jan 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(နောက်တိုး)၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။