မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိလိုက်လံစစ်ဆေး

မော်လမြိုင်ကျွန်း  ဇန်နဝါရီ   ၂၃

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်  ၉  နာရီအချိန်က  ဆောင်ရွက်သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးမင်းဇော် လတ်၊ မြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်၊  မြို့နယ်ကျန်းမာရေးမှူး ဦးဇော်မြင့်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုဦးစီး ဒေါ်မေသူသူဇင်နှင့် ပူးပေါင်းအဖွဲများမှ လိုက်လံစစ်ဆေးပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးသည်။ အဆို ပါလုပ်ငန်းများအား မြို့ပေါ်ရှိ မြို့မဈေး၊ ဗိုလ်ချုပ်ဈေး၊ အောင်သာယာဈေးများတွင် ရောင်းချလျှက်ရှိသော ဆေးဆိုင် (၉) ဆိုင်သို့ အသိပညာပေး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)