ဖောင်းပြင်မြို့နယ်တွင် ဆေးလိပ်ကုမ္ပဏီဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခန့်၌ မန္တလေးမြို့မှ ဝင်လာသည့် မာဗယ်လ် (Marble) ဆေးလိပ် ကုမ္ပဏီမှ ယဉ်မောင်းနှင့် ဆေးလိပ်ဖြန့်ဖြူးရောင်းချသည့် အမျိုးသားဝန်ထမ်း နှစ်ဦးအား RDT Test Kid ဖြင့် စစ်ဆေးရာ အသက်(၂၇)နှစ်အရွယ်ရှိ ဆေးလိပ်ဖြန့်ဖြူးရောင်းချရေး အမျိုးသားဝန်ထမ်း တစ်ဦးထံမှ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။