ဒက္ခိဏသီရိ ဇန်နဝါရီ ၂၃
ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရဲဒိကျေးရွာ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးတင့်က ပထမနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် လုပ်ငန်းရွေးချယ်ခြင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေး က အမှာစကားများ ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်က စီမံကိန်း၏ ရည်ရွယ်ချက်၊ စီမံကိန်းအကြောင်းအရာများအား မိတ်ဆက်ရှင်းလင်းပြောကြားခြင်းနှင့် ကော်မတီဝင်များ ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် ကျေးရွာအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် လုပ်ငန်းရွေးချယ်ခြင်းနှင့် ကော်မတီဝင်များဖွဲ့စည်းရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နိုင်ငံတော်၏ ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀) ဖြင့်ဆောင်ရွက်မည့် (VDP)စီမံကိန်းအား ကျေးရွာပြည်သူလူထုကိုယ်တိုင် စီမံချက်များအားရေးဆွဲပြီး ဦးစားပေးအစီအစဉ်လိုက် စီမံချက်လုပ်ငန်းများအား ကျေးရွာပြည်သူလူထုများကိုယ်တိုင် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်ထံမှ သိရသည်။
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဆောင်ရွက်မည့် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာ အုပ်စု၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ဂူနှစ်လုံးဆည်စုကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်းကျေးရွာ၊ ရဲဒိကျေးရွာ၊ ကျောက်ခဲအင်းကျေးရွာနှင့်ဆည်စုကျေးရွာများအာ စီမံကိန်း အကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဝင်များရွေးချယ်ခြင်းတို့ကို ကျေးရွာများအလိုက် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)