ထန်းတပင်၌ အွန်လိုင်းမှသင်ကြားနည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်
Jan 24,2021
မျိုးဆက်သစ် ကလေးငယ်များ ဗုဒ္ဓဓမ္မပညာကို ဆက်လက်သင်ယူခွင့်မဆုံးရှုံးစေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော် များကို မိမိတို့၏အိမ်ကပင် လေ့လာသင်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် အွန်လိုင်းမှသင်ကြား နည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ နေကြောင်း မြသိန်းတန်ဓမ္မစကူးလ်ကော်မတီမှသိရသည်။