သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀) အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ
Jan 23,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဥပုသ်တော်ရပ်ကွက်ရှိ ဘီလူးထမ်းတောင်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေး
Jan 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲခန့်က ဆောင်ရွက်ခဲ့သည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဟားခါးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 23,2021
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ဟားခါးမြို့၊ ထူးဆန်းသစ်စက်သုံးဆီ အရောင်းဆိုင်နှင့် လမ်းအထူး(၁၀)ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 23,2021
မွန်ပြည်နယ် မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ကြာအင်းကျေးရွာရှိ အဆိုပါကျောင်းတွင် ကျင်းပသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်နှင့်မုန့်လုပ်ငန်း သင်တန်းဖွင့်လှစ်
Jan 23,2021
ရပ်ရွာအခြေပြုစက်ချုပ်နှင့်မုန့်လုပ်သင်တန်းကို ပုသိမ်မြို့အမှတ် ၈ နယ်မြေ အလယ်ကုန်းရပ်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေသထွက်ပစ္စည်းများဖြင့် မုန့်မျိုးစုံပြုလုပ်ခြင်း၊ အမျိုးသမီးဝတ်အင်္ကျီနှင့် အဝတ်အထည်ရက်လုပ်ခြင်းများကို ကျေးရွာနေ ဝါသနာပါသူ အမျိုးသား/ အမျိုးသမီးငယ် များကို သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီတွင် အလယ်ကုန်းရပ်ရှိ ပြည်လုံးချမ်းသာစေတီ တော်မြတ်ကြီးအတွင်းရှိဘုရားတန်ဆောင်းတော်ကြီးအတွင်းပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် ခေမာသီ(၃)လမ်း၌ မီးလောင်မှုဖြစ်ပွား
Jan 22,2021
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် ခေမာသီ(၃)လမ်း တိုက်အမှတ် ၉၄၊ ဒုတိယထပ် အခန်းအမှတ် (2-H)တိုက်ခန်းအတွင်းတွင် တပ်ဆင်ထားသော ဝါယာကြိုးများမှ ဝါယာရှော့ဖြစ်ပြီး ယ​နေ့ညနေ ၅နာရီ ၂၅မိနစ်အချိန်တွင် မီးလောင်ကျွမ်းကြောင်း သိရှိရသည်။
ခမောက်ကြီးမြို့နှင့်ဒေသအနီးတစ်ဝိုက်တွင် ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Jan 22,2021
  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နှင့်ဒေသအနီးတစ်ဝိုက်တွင်ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်နေကြောင်း သိရသည်။