မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မိတ္ထီလာ ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ်များ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းတို့အား အရည်အသွေးပြည့်မီစွာ ဖြင့် အချိန်မီပြီးစီးရေးအတွက် မြို့နယ် ဦးစီးမှူးများ၊ ၎င်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူးများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် (၁၁၈၆.၃၃) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း (၈)လမ်း၊ တံတား တစ်စင်း၊ ရေကျော် (၃)စင်း၊ ရေပြွန် နှစ်စင်း၊ Slab Culvert (၁၅)စင်း၊ မြေသားရေကန်(၄)ကန်၊ စက်ရေတွင်း(၁၉)တွင်းနှင့် လက်တူးတွင်း တစ်တွင်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ရာ မိတ္ထီလာမြို့နယ်တွင် ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းကို သီရိမြင့်မိုရ်ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး Four G Co.,Ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။ ဝမ်းတွင်းမြို့နယ်တွင် Unique Design Co.,Ltd နှင့် Shwe Gone Tun Co.,Ltd တို့မှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး Royal Steel Palace Co;ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် Modern Treasure Co.,Ltd နှင့် ZARNI CHIT Co.,Ltd တို့မှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး Triple Thar Co.,Ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင် မလှိုင်မြို့နယ်တွင် Hi-Tech Land Co.,Ltd မှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး  Well Done Engineering Co.,Ltd မှ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)