သတင်းများ

မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာနှင့် ဟွေဟေးကျေးရွာတို့တွင် (NEP) စီမံကိန်းနှင့် ဆောင်ရွက်သော လျှပ်စစ်မီးစတင်ရရှိ
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ‌ရေး စီမံကိန်း (NEP) နှင့် ဆောင်ရွက်လျက်ရှိသော လွိုင်ချိုကျေးရွာနှင့် ဟွေဟေး‌ကျေးရွာတို့တွင် ယမန်နေ့ ည‌‌နေပိုင်းမှ စတင်၍ ကျေးရွာ လျှပ်စစ်မီး ရရှိ‌နေပြီဖြစ်ကြောင်း သိရသည်။
ပင်လုံမြို့ ရပ်ကွက်(၄)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့
Jan 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၄)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့ရပ်ကွက်(၁)တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း
Jan 25,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရန် အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် အဝေရာရာမ ရန်ကင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ မြောက် ကျောက်မိုင်းကျေးရွာရှိ  အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင်  ပညာရေးကျောင်းတွင်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ   အလှူငွေနှင့်လှူဖွယ်စ္စည်းများကို    ယနေ့နံနက် (၈)နာရီကဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်၈၅နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေများပေးအပ်
Jan 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပထမ၃လပတ် အတွက် အသက်၈၅နှစ်နှင့်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
ချီဖွေမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား စုပေါင်း၍ အဟာရမုန့်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Jan 25,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းသည် ဇန်နဝါရီလ(၂၂)ရက် ညနေပိုင်းအချိန်တွင် မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား အဟာရမုန့်နှင့် အလှူငွေ ကူညီထောက်ပံ့ လှူဒါန်းကြောင်း သိရသည်။
မြောင်းမြမြို့ မျိုးစေ့ထုတ်သမဝါယမအသင်းသားများအား စတုတ္ထအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေး
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် သမဝါယမအသင်းစုမှ မြောင်းမြမြို့တွင်း နွေစပါးမျိုးသန့် စိုက်နွေစပါး မျိုးသန့် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စတုတ္ထအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေးခြင်းကို ယမန့်နေ့ နေ့လယ်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ကိုဗစ်-၁၉ Centre ကူညီထောက်ပံ့ရေးအဖွဲ့သို့အလှူငွေများလာရောက်လှူဒါန်း
Jan 25,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ၌ ထားရှိသော ပြည်တွင်းမှ ပြန်လာသူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများ၊ မြို့နယ် ကိုဗစ်-၁၉ Centre ကူညီထောက်ပံ့ရေးအဖွဲ့အတွက် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့နံနက်(၈)နာရီက လာရောက် လှူဒါန်းကြကြောင်းသိရသည် ။