သတင်းများ

ကွန်ဟိန်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ရာ မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များထံ ပေးအပ်ခြင်းအား ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ခရမ်းမြို့တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ
Jan 26,2021
တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်ကာ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ယမန်နေ့က စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ တိုက်နယ်ဆေးရုံဝင်းအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်
Jan 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စဉ့်ကူတိုက်နယ်ဆေးရုံဝင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး ပေး
Jan 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်း‌ဆောင်ရွက် ပေးလျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဇွဲကနာ ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ များကို ယမန်နေ့က အိမ်အရောက် လိုက်လံ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၈၁၈) အတွက် ထပ်တိုးထောက်ပံ့ကြေးငွေများ ပေးအပ်
Jan 26,2021
လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဥ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စု (၂၃၈၁၈)စု အတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နေလည် ၁ နာရီအချိန်ကဆောင် ရွက်သည်။
သုံးခွမြို့နယ် သခွတ်ကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၀-၂၀၂၁၊ ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်စီမံကိန်း ကျေးရွာဖြစ်သည့် သခွတ်ကုန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့ မွန်းလွဲပိုင်းက စံချိန်စံညွှန်း မှန်ကန်တိကျ မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
မြစ်သားမြို့နယ် သုခရတနာဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိုင်းမောအုပ်စု၊မိုင်းမောကျေးရွာ သုခရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။