သုံးခွမြို့နယ် သခွတ်ကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

သုံးခွ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၀-၂၀၂၁၊ ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့်  သခွတ်ကုန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့ မွန်းလွဲပိုင်းက စံချိန်စံညွှန်း မှန်ကန်တိကျ မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ သည်မှာ (၆) ပြည့်မြောက်ခဲ့ပြီးဖြစ် ကြောင်း သိရပြီး စီမံကိန်းအတိုးရငွေ၏ ငါးဆယ် ရာခိုင်နှုန်းမှ ငွေကျပ်(၄၃)သိန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၇)သိန်းဖြင့် အများ ပြည်သူသွားလာရေး အဆင်ပြေစေရန် ရွာတွင်းလမ်းအရှည်(၃၅၀)ပေ၊ အကျယ်(၇)ပေ၊ ထု(၆)လက်မ ကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေသည့် နေရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးစေရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်သည်များကို တာဝန်ရှိသူများအား အကြံပြုဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရှိရ သည်။

သုံးခွမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ကျေးရွာ(၂၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်