ကွန်ဟိန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ရာ မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များထံ ပေးအပ်ခြင်းအား ယနေ့နံနက်(၁၁) နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ ငွေပေးအပ်ခဲ့ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ကွန်ဟိန်းမြို့နယ်တွင် ထပ်တိုးအိမ်ထောင်စုပေါင်း (၈၆၃)စုအတွက် အိမ်ထောင်တစ်စုလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သောင်း နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၇၂၆၀၀၀၀) ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်တာဝန်ရှိသူများက ရပ်ကွက် /ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)