သတင်းများ

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ်(၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင်ဆောင်ရွက်
Jan 26,2021
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက် လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁) ထံမှ သိရသည်။
တာလေမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေးလုပ်ငန်းတွင် အသုံးပြုရန်လူဦးရေစာရင်း ကောက်ယူခြင်း အတွက်ဆွေးနွေးပွဲကျင်းပ
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေး လုပ်ငန်းတွင်အသုံးပြုရန်လူဦးရေစာရင်းကောက်ယူခြင်းအတွက် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jan 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြ ထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သထုံမြို့နယ်တွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်
Jan 26,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ပညာပေးလှုပ်ရှားမှုများကို ယနေ့ နံနက်က သထုံမြို့မ ဈေးနှင့်၊ သုဝဏ္ဏဈေးဝန်းကျင်တို့၌ ပြုလုပ်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု ၃၅၁၁ စုအား ထောက်ပံ့ငွေများပေးအပ်
Jan 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ/နည်းဥပဒေ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ/နည်း ဥပဒေအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်(၉) နာရီခွဲက ​မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်းသည် တပ်ဖွဲ့ဝင်များ နှင့်အတူ မြို့မစျေးနှင့် ချင်းတွင်းမြင့်